နမ့်စန်(တ) ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာများသို့ အပတ်စဉ် ကွင်းဆင်း၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်၌ အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက မီးသတ်ဦးစီးဌာနရှိ မီးသတ်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သု/ရသနှင့် အပျော်ဖတ်စာအုပ်များကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခဲ့ပြီး စာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)