သာပေါင်းမြို့နယ်တွင် လေးပြင်းတိုက်ခတ်၍ နေအိမ်ပြိုကျပျက်စီးခဲ့သည့် မိသားစုအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေ ပေးအပ်

သာပေါင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ထန်းတပင် ကျေးရွာအုပ်စု၊ သံပရာချောင် ကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ပေးအပ်ခဲ့သည်။ မိုးသက် လေပြင်းတိုက်ခတ်၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်(၁)စုရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာတန်ဖိုး(၁၅,၀၀၀)ကျပ် ပေါင်းငွေ(၁၁၅၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစု၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း(ပြန်/ဆက်)