ချမ်းအေးသာစံ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမတွင် ဝန်ထမ်းများ၏ လိုက်နာရမည့်စည်းမျဉ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ အမှာစကားပြောကြားခဲ့ပြီး ဝန်းထမ်းကျင့်ဝတ်စာအုပ်မှ “ဌာနဆိုင်ရာအရေးယူခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ”ခေါင်းစဥ်ဖြင့် ဝန်ထမ်းများသည် ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နီလာကျော်မှ “ဝန်ထမ်း၏ ဝန်ထမ်းမှုဆိုင်ရာခံစားခွင့်များ” ခေါင်းစဉ်ဖြင့် ဝန်ထမ်း၏ အခြေခံအခွင့်အရေးများနှင့် ခွင့်အမျိူးအစားများအကြောင်းကို ဖတ်ကြားခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများသည် မိမိ၏တာဝန်များကို ကျေပွန်စေရန်နှင့် ဝန်ထမ်းများ၏ လိုက်နာရမည့်စည်းမျဉ်းများကို သိရှိလိုက်နာစေရန်အတွက် စာဖတ်ဝိုင်းအစီအစဥ်များကို လစဥ်လတိုင်း ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်