ဒဂုံ(တောင်) ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒေသခံပြည်သူများအနေဖြင့် အစာအာဟာရမျှတစွာစာသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ခြင်း အထောက်အကူရရှိစေရန်အတွက် ဖြည့်စွက်စာစားသုံးခြင်းအကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသုဝေဦးဆောင်သောပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနဒုပညာရေးမှူး(ကာယ)ဒေါ်အေးမြင့်ခိုင်နှင့် ပညာရေးဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် လေးထောင့်ကန်ရပ်ကွက် သီရိမင်္ဂလာရွှေဘုံဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား မိခင်နို့နှင့်အတူသတ်မှတ်ထားသော အစာအုပ်စု(၃)မျိုးနှင့် အကျိုးကျေးဇူးများ၊ လတ်တလောအာဟာရချို့တဲ့ရောဂါကလေးများအတွက် အာဟာရပြန်လည်ပြည့်ဝစေတဲ့ ကုထုံးများအား အသိပညာပေးဟောပြောပေးပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို စနစ်တကျပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး