လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ဘားအံ ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ နောင်မြလွဲကျေးရွာအုပ်စု၊ ရေပူ - ထီးဖိုးကိန်-နောင်မြလွဲ ကျေးရွာချင်းဆက်လမ်း မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၅၀၇.၀၂၄) သန်းဖြင့် လမ်းအရှည် (၁/၀) မိုင်၊  အကျယ် (၁၂) ပေ၊ (၁၅) လက်မထုရှိ ရေပူ - ထီးဖိုးကိန် - နောင်မြလွဲ ကျေးရွာချင်းဆက်လမ်းမြေလမ်းမှ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)‌ တာဝန် ဒေါ်ဝင်းဝင်းသန်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရုံးချုပ်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန၊ (ကရင်ပြည်နယ်တာဝန်ခံ)တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)