ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

ပျော်ဘွယ် ဇူလိုင် ၁၇

ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက်လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင်ပြီးစီးခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုအား ရမည်းသင်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဇူလိုင်လ (၁၆) ညနေပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်ချင်းလမ်းခင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းက ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ခဲ့မှုအခြေအနေများကို မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ဖွေးက ရှင်းလင်းတင်ပြသည်။

ရမည်းသင်းခရိုင်နှင့်မိတ္ထီလာခရိုင်တို့အားဆက်သွယ်ထားသည့် အဆိုပါလမ်းပေါ်၌ ပျက်စီးခဲ့သည့် လမ်းအရှည်(၁)မိုင်(၂)ဖာလုံအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်(၂၄.၂၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)