ကံမမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁) နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာများပြသခြင်းကို အမှတ်(၃)ရပ်ကွက်၊ မဒေးဝအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။