စေတုတ္တရာမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်း ဆောင်ရွက်

စေတုတ္တရာ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က‌‌‌လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများက KG တန်း ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ ကျောင်းတွင်းအာဟာရကျွေးခြင်းကို စေတုတ္တရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)