ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူး ဇူလိုင် ၂၆

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် နေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ သွားရောက်၍ ရဟန်း၊ ရှင်၊ လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါ၊ ကလေး၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး၊ အရေပြား၊ ဓာတ်မှန် စသည့် ဘာသာရပ်()ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေလွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး မြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများ တိုးချဲ့ကာ ကျေးလက်ဒေသအထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကြခြင်းဖြစ်သည်။

အဆိုပါကွင်းဆင်းဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာခင်စန်းမြင့်၊ ပဲခူးမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး၊ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် မြို့နယ်ကုသ​​ရေးဦးစီးမှူးဒေါက်တာဇော်ဝင်းနိုင်တို့က လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြပြီး အထွေထွေရောဂါလူနာ(၉၉)ဦး၊ သားဖွားမီးယပ်‌ရောဂါလူနာ(၁၇)ဦး၊ ကလေးရောဂါလူနာ()ဦး၊ မျက်စိရောဂါလူနာ(၉၆)ဦး၊ သွားနှင့် ခံတွင်းရောဂါလူနာ(၃၈)ဦး၊ ခွဲစိတ်လူနာ(၄၆)ဦး၊ အရေပြားရောဂါလူနာ(၃၃)ဦး၊ အကြောအဆစ်ရောဂါလူနာ(၁၀၀)ဦး စုစုပေါင်း လူနာ(၄၆၁)ဦးတို့အား ဆေးကုသမှုပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)