ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၂၅၈၀)ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် စာသင်ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံတောင် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊‌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသပေးခြင်း၊ ကျန်မာရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဌာနမှဦးဆောင်ကာ အရှိန်အဟုန်မြှင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေး‌ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်နေမှုများကို ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေး‌ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိကျောင်းများတွင် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က KG ကျောင်းသား/ကျောင်းသူ (၂၅၈၀) ဦးအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးကြောင်း သတင်းရရှိသည်။

သန်းသန်းအေး