ကျောက်ပန်းတောင်း ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါကျောင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲစဉ်တွင် EP(A)အသင်းနှင့် EC(A)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ EP(A)အသင်းက ၃ ဂိုး ၀ ဖြင့် ဂိုးပြတ်အနိုင်ရဗိုလ်စွဲခဲ့သည်။
အဆိုပါအခမ်းနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းနှင့် အဆိုပါကျောင်းရှိမေဂျာပေါင်းစုံမှ ကျောင်းသူလေးများက အာရှမြန်မာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ တာဝန်ခံပါမောက္ခ ဒေါက်တာရီရီမွန်နှင့် တာဝန်ရှိသူများက ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင်းခဲ့ကြပြီး ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများမှ ဆုရအားကစားသမားများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)မှ ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းများက ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)