ဖရုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်း စောင့်ရှောက်ရေး အသိပညာပေးဟောပြော

မင်းဘူး ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ဖလုံရုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူးမျိုးတိုင်း လူမျိုးတိုင်းတွင် အမျိုးသားယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုများ ရှိကြကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်သွားပါက လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ အနှစ်သာရလည်း ပျောက်ဆုံးသွားမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက် တည်တံ့ဖြစ်ထွန်း ထွန်းကားပြီးဖြစ်သည့် မြတ်ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှုအောက်ရှိ မြန်မာ့ယဉ်ကျေးမှု ဝိသေသ စရိုက်လက္ခဏာများ ပြန်လည်ရှင်သန်ထွန်းကားလာအောင် လူငယ်လူရွယ်များက ကိုယ်ကျင့်တရားနှင့် စာရိတ္တများ မြင့်မားခိုင်မာလာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မင်းဘူးမြို့ မြို့နယ်ဥပဒေရုံးမှ ဒုဥပဒေအရာရှိ ဦးအောင်ဟိန်းထက်က အမျိုးသမီးငယ်များအား သက်ငယ်မုဒိန်းမှု ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကြမ်းဖက်များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်စောမြတ်သူက တီဘီနှင့်ဝမ်းပျက်ဝမ်းလျော အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)