ပခုက္ကူမြို့၌ ဒူးရင်းသီးဝယ်ယူစားသုံးသူများပြားခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိ

ပခုက္ကူ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချသည့် ဒူးရင်းသီးများအား ဝယ်ယူစားသုံးသည့် ဒေသခံပြည်သူများပြားခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ရေးမြို့နယ်အတွင်းကထွက်ရှိတဲ့ ဒူးရင်းသီးတွေကိုဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချတာပါ၊ ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း ဒူးရင်းသီးစိုက်ပျိုးလုပ်ကိုင်သူရှိပေမယ့် ကျယ်ကျယ်ပြန့်ပြန့်တော့ မတွေ့ရပါဘူး၊ စိုက်ပျိုးမြေအခက်အခဲကြောင့်လားတော့မသိဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ရောင်းတဲ့အခါမှာ အညာဒေသ(ပခုက္ကူ)က ပြည်သူတွေထဲမှာ ဒူးရင်းသီးကြိုက်တဲ့သူများနေတာကို တွေ့ရတယ်၊ ဒူးရင်းသီးတွေကို တစ်ဆင့်ဝယ်ယူပြီး ပြန်လည်ရောင်းချတာကြောင့် လက်ရှိမှာ တစ်လုံးကို အနည်းဆုံး ငွေကျပ် ၃၀၀၀၀ ကနေ ၁၂၀၀၀၀ အထိ ရှိပါတယ်။ ရောင်းအားအနေနဲ့ တစ်ရက်ကို အနည်းဆုံး ငါးလုံးကနေ ၁၀ လုံးအထိတော့ ရောင်းရပါတယ်၊ အရင်နှစ်တွေကလည်း အခုလိုပဲ ရောင်းချနေတာပါ”ဟု ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးအနီး မြို့မလမ်းနှင့် ထင်းတန်းလမ်းတောင့်မှာ ဒူးရင်းသီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဘာမီသာ(ပခုက္ကူ)