လယ်ဝေးမြို့နယ်၊ ကုန်းပေါ်စုကျေးရွာ၊ ပညာ့အားမာန် စာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေတုန်းမျှောင်ကျေးရွာအုပ်စု၊ ကုန်းပေါ်စုကျေးရွာ ပညာ့အားမာန် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ် ကျောင်းရာကန်ကျေးရွာ၌ စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကြည့်ရှုအားပေးပြီး အထွက်နှုန်းကောင်းမွန်ရေးမှာကြား

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းအထူးကောင်းမွန်ရေးတို့ဦးတည်၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည်စိုးသည် ဌာနတာဝန်ရှိသူများ ၊ အသင်း တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့နယ်လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာ တက်သစ်စစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယအသင်းသား တောင်သူဦးမောင်နီ၏ မိုးဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ ပြုပြင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စုပေါင်းဝန်ထမ်းအိမ်ရာများ၊ အခြေခံပညာကျောင်းနှင့် ရုံးများ ပြုပြင် တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် (၈)နာရီအချိန်က အထက(တနင်္သာရီ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့၌ တက်နေဝန်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း (လီမီတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဇူလိုင်လ ၂၆ ရက်နေ့နံနက် ၉ နာရီက တက်နေဝန်းအထွေထွေရောင်းဝယ်‌ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၉၂ ဦးစာရင်းရှိပြီး ၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၌ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၏ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကေတုမတီဘိုးဘွားရိပ်သာမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ရွှေမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန် ဂေဟစနစ် ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွ စွာ ပူးပေါင်းပါဝင်လာစေရန်နှင့်အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည် ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂၆ရက် နံနက် ၇ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ထီပုံးကျေးရွာ ရေထွက်အနီး၌ပြုလုပ်ခဲ့သည်။
Subscribe to