ကော့မှူး ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်(မြောက်)ကျေးရွာတွင် ပြေးဆွဲလျက်ရှိသော စက်တပ်သမ္မန် မောင်းနှင်သူများနှင့် ခရီးသည်များအန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်မှုမရှိစေရေး ကူညီဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့နံနက်က တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် တာဝန်ရှိသူများက ကျိုက်ထော်တိုးမြစ်အတွင်း စက်တပ်သမ္မန်မောင်းနှင်သူများအနေဖြင့် မိုးလေဝသသတင်းကို အချိန်နှင့်တစ်ပြေးညီ နားထောင်ကြရန်၊ လေပြင်းတိုက်ခတ်ချိန်တွင် သက်ဆိုင်ရာ ကူးတို့ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခြင်း မပြုလုပ်ကြရန်၊ ရေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ခရီးသည်အတိုင်း တင်ဆောင်ကြရန်၊ ကုန်ပစ္စည်းများတင်ဆောင်ပါက ခရီးသည်တင်ဆောင်ခြင်းမပြုလုပ်ကြရန်၊ သမ္မန်များတွင် ထားရှိရမည့် အသက်ကယ်ဘောကွင်း၊ အသက်ကယ်အင်္ကျီတို့ကို လုံလောက်စွာထားရှိရန်၊ ရေစီးသန်မှုကြောင့် ခရီးသည်များ အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်ကင်းရှင်းစေရေးတို့အား ကူညီဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးဟောကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)