မြစ်သား ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း သင်တန်းကိုဇူလိုင်(၁)ရက်နေ့မှဇူလိုင် (၂၆)ရက်နေ့ အထိ နေ့စဥ်နံနက် (၉) နာရီမှ ညနေ(၃)နာရီအချိန်ထိ သင်တန်းပို့ချခဲ့ရာ ဇူလိုင်လ (၂၆) ရက်နေ့တွင်ဆင့်ပွားသင်တန်းဆင်းပွဲကို ရှမ်းပွဲရပ်ကွက်ရွှေမုဋ္ဌောဘုရားဝန်းအတွင်းရှိ မဟာအတုလဝေယံ ဘုံမ်မြင့်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဥ်မွန်ဖိုး၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မိုးမိုးနှင့် ဝန်ထမ်းများက သင်တန်းသား၊သင်တန်းသူများကို မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပ ဒေပါအတိုင်းမဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မြန်မာ့ အီလက် ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ် စက်ကိုင်တွယ်အသုံးပြုခြင်း၊ အီလက်ထရောနစ် မဲပေးစက် Installation ပြုလုပ်ခြင်း၊ MEVM စက်တည်ဆောက်ပုံစစ်ဆေးခြင်း၊ ကြိုတင်ပြင် ဆင်စမ်းသပ်ခြင်းများ၊ ရွေးကောက်ပွဲနေ့တွင် စမ်း သပ်မဲပေးခြင်း၊ အရန်စက်လဲလှယ် ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါ က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အသုံးပြုရမည့် ပုံစံများ လက်တွေ့သင်တန်းပို့ချပေးမှု (၁၀)ကြိမ် ပြုလုပ်ပေးခဲ့ရာ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၆၂၆)ဦးကို သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)