ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၂၅၈၀)ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူးစက်တတ်ရောဂါများနှင့် မကူးစက်တတ်သောရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်မးရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဌာနမှဦးဆောင်ကာ အရှိန်အဟုန်မြှင့် စုပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။