ဘိုကလေးမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု(၂)စုအတွက် ထောက်ပံ့ဆောင်ရွက်

ဘိုကလေး ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင်(၂၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာမှ အလျား(၂၇)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၂)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ် ပြိုကျပျက်စီးခြင်းနှင့် ဟေမန်ကျေးရွာအုပ်စု၊ ထုံးကျေးရွာ၌ လေပြင်းတိုက်ခတ်၍ သစ်ပင်အမြစ်လန်ကာ အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၂၃)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းနေအိမ်(၁)လုံးပေါ်သို့ လဲကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၂)စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဇူလိုင်(၂၅)ရက် ညနေ(၄)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ဆောင်ရွက်ခဲ့သည်။

ထောက်ပံ့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လေဘေးသင့် အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အိမ်ထောင်စု (၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃)သိန်းကျပ်၊ လေဘေးသင့် အိမ်ထောင်စုဝင် စုစုပေါင်း(၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၄)သောင်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၂)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)