ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တတ်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ လူနေအိမ်နှင့် ကားလမ်းများရေကျော်မှုများဖြစ်ပွား

ကမမောင်း ဇွန် ၂၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တတ်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အနိမ့်ပိုင်းရှိ ‌လူနေအိမ်နှင့် ကားလမ်းများရေကျော်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါရေလွှမ်းမိုးမှုကြောင့် ရပ်ကွက်အချို့ရှိ လူနေအိမ်များနှင့် အခြေခံပညာစာသင်ကျောင်းများအတွင်းသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်းအားယာယီပိတ်ထားရပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကမမောင်းမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက် (၁၂)နာရီအချိန် တိုင်းထွာချက်အရ ကမမောင်းမြို့၏ စိုးရိမ်ရေအမှတ် (၇၂၀) စင်တီမီတာအောက် (၆၆၅) စင်တီမီတာသို့ ရောက်ရှိ နေပြီးဖြစ်ကြောင်း ကမမောင်းမြို့ မီးသတ်ဦးစီးဌာနမှ သိရသည်။

ကမမောင်း (ပြန်/ဆက်)