ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအဝေးကျင်းပ

ပေါင်းတည် ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ ၂၅  ရက်နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ လုံခြုံရေးအထူးဂရုပြုရေး၊ ရေကြီးရေလျှံမဖြစ်‌‌ပေါ်‌ စေရေးအတွက် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်‌စေရေး၊‌ ရုံးဌာနှင့်‌ကျောင်းဝင်းအတွင်းစားပင်သီးပင်များစိုက်ပျိုး‌‌ရေး၊ မြို့ပြသာယာသန့်ရှင်းသပ်ရပ်စေရေး၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူများလေးစားကြည်ညိုအောင် နေထိုင်ပြုမူဆက်ဆံရေး၊‌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရုံးဌာနဝန်းကျင်ရှိ ခြုံနွယ်မြက်ရိုင်းများအား ခုတ်ထွင်ရှင်းလင်းရေး၊ ပေါင်းတည်မြတ်စွယ်တော်ပွဲ စည်ကားသိုက်မြှိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ပူးပေါင်းဆောင်ရွက်ရေးနှင့် မိုးစပါးအထွက်ကောင်းရေးအတွက်သက်ဆိုင်ရာ ဌာနဆိုင်ရာများက တောင်သူများနှင့်ပူးပေါင်းကြိုးပမ်းကြရန် လမ်းညွန်မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များက လုံခြုံရေးကိစ္စရပ်များ၊ ပင်စင်စားဝန်ထမ်းများအား UID ကတ်များပြုလုပ်ဆောင်ရွက်‌ပေးနေမှုများ၊ မြို့တွင်းလမ်းများ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခင်းကျင်းခြင်းလုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဌာနဆိုင်ရာအကြီးအကဲများနှင့်ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)