ကျောက်ပန်းတောင်း ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာ ထုတ်ယူရာတွင် လျှင်မြန် လွယ်ကူစေရန်နှင့် အခက်အခဲမရှိစေရန်အတွက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ UID(Unique Identity) (ခေါ်) Smart Card များကို၊ မြန်မာ့စီးပွားရေးဘဏ်(မြို့နယ်ဘဏ်ခွဲ)သို့ သွားရောက်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်(၂၆) ရက်နေ့နံနက်က အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့်ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်ထုတ်ယူမှု လျှင်မြန်လွယ်ကူစေရန်နှင့် အခက်အခဲမရှိစေရေးအတွက်၊ အငြိမ်းစားဝန်ထမ်းများ၏ ဇီဝဆိုင်ရာ အချက်အလက်များ စိစစ်ကောက်ယူခြင်းနှင့် လက်ဗွေများအား Scan ဖတ်ခြင်း၊ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်း၍ UID နံပါတ်များ ထုတ်ပေးခြင်းတို့က အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)