မြင်းခြံမြို့တွင် ၂၀၂၀ ပြည့်နှစ် လူရည်ချွန် မောင်/မယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် လူရည်ချွန် မောင်/မယ်များအား (ခရိုင်အဆင့်) ဂုဏ်ပြုချီးမြှင့်ပွဲ ယနေ့နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ စင်ရော်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းသူ ၉၉ ဦးရှိ

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပခုက္ကူခရိုင်တွင် လွှတ်တော် ကိုယ်စား လှယ်လောင်းအမည်စာရင်းတင်သွင်းသူ ၉၉ဦးရှိကြောင်း ပခုက္ကူခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိကို GeneXpert စက်ဖြင့် စတင်စစ်ဆေးနိုင်ပြီဖြစ်

ပြင်ဦးလွင်မြို့ရှိ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာများရယူ၍ GeneXpert စက်ဖြင့် ဩဂုတ်လ ၂၁ ရက်နေ့မှစ၍ စတင်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်အဆင့်လူရည်ချွန်များအား ဂုဏ်ပြုချီးမြှင့်

၂၀၂၀ပြည့်နှစ် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ခံရသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာ ရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ပင်လောင်းမြို့နယ်တွင် ကျေးရွာချင်းဆက် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု ထီတမောင်း ကျေးရွာနှင့် ထီပေါင်းကျေးရွာအုပ်စု ထာငိုကျေးရွာသို့ ကျေးရွာချင်းဆက်လမ်း (၀.၄)မိုင်အား ကတ္တရာ ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ရေဦးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးများ ထောက်ပံ့ငွေပေးနိုင်ရေး စာရင်းများကောက်ယူ

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန လူမှု၀န်ထမ်းဦးစီးဌာန နေပြည်တော်မှ ကိုဗစ် - ၁၉ ကာလ “CERP” အစီအစဉ်အရ ကိုယ်၀န်ဆောင်သည်များ တစ်ကိုယ်ရေသုံးပစ္စည်း၀ယ်ယူရန်နှင့် ဖြည့်စွက်အစားအစာများ ၀ယ်ယူစားသုံးနိုင်ရေးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည်ဟုသိရသည်။

ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ ပြည်သူများအား မဲပေးပိုင်ခွင့်မဆုံးရှံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများ ပူးပေါင်း၍ ဆန္ဒမဲပေးပိုင် ခွင့် မဆုံးရှုံးစေရေး အတွက် သစ္စာစီမံချက်ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်အတွင်းရှိ ပြည်သူဦးရေ ၁၀၀ ဦးအား ဩဂုတ် ၂၀ ရက်မှစတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲဆန္ဒရှင် စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပါရှိနိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင် ရွက် ပေးကြသည်။

သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာဖေမြင့်ရေးသားသည့် “တန်ဖိုးထားအပ်သောအရာများ” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေဦးမြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား(၄၉၀)ကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား (၄၉၀) ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိနေကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။

ကျောက်မဲမြို့တွင် ခရိုင်အဆင့်လူရည်ချွန် ကျောင်းသား/သူ ၁၂ ဦးအား Social Distancing နှင့်အညီ ဂုဏ်ပြု ချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ အမှတ် ၁ အခြေပညာအထက်တန်းကျောင်း ၊ သီရိရတနာ ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား /သူ များ ၁၂ ဦးအား Social Distancing နှင့်အညီ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ခရိုင် အုပ်ချုပ် ရေးမှူး ဦးမျိုးကျော်က လူရည်ချွန်ရွေးချယ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွင့် အမှာ စကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ယဉ်မင်းစုမှ ဂုဏ်ပြု ချီးမြှင့် ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် လူရည်ချွန်များကို သက်ဆိုင်ရာ အပန်းဖြေစခန်းသို့ စေလွှတ်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ထားသည့် ကာလဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့၏ သက်ဆိုင်ရာခရိုင်များ၌ သာလျှင် ဤကဲ့သို့ ဂုဏ်ပြုပွဲများ ကျင်းပ ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Subscribe to