နမ့်ဆန်မြို့၌ ပြည်ပမှ တရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ပြည်ပမှ တရားဝင်အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီ က ပြုလုပ်သည်။