ဒေါ့ဖုန်းယန်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေများ ထပ်မံ ပေးအပ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထပ်မံထောက်ပံ့ ပေးအပ်သည့်ငွေများကို ယနေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့သည်။