တောင်ငူ၌ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နိုင်ရန် အသိပညာပေး နံရံကပ်စာစောင်များပြသထား

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်သို့ နေ့စဉ် စာငှားစာဖတ် လာရောက် ကြသူများအနေဖြင့် လူကုန်ကူးခြင်းခံရမှု အန္တရာယ်ဆိုးကျိုးများကို သိရှိစေ ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ ခရိုင်ပြည်သူ့စာကြည့်တိုက် အတွင်းနှင့် မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားပေးကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ၂၀၂၀ ပြည့်နှစ်လူရည်ချွန် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ၂၀၂၀ ပြည့်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း တကောင်းသစ္စာခန်းမတွင် ကျင်းပရာ

လက်ပံတန်းမြို့နယ်တွင် စပါးနှင့်ငါး တွဲဖက်စိုက်ပျိုးမွေးမြူရေးစနစ် သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိုက်ဝါး ချောင်း ကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာ ကွင်းအမှတ် ၁၁၆၁၊ တောင်သူဦးစန်းဝင်း၏ လယ်တွင် ယနေ့ နံနက်ပိုင်းက စပါးနှင့်ငါး တွဲဖက်စိုက်ပျိုး မွေးမြူရေးစနစ် သရုပ်ပြရှင်းလင်း ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မဲဆန္ဒရှင်စာရင်းတွင်ကျန်ရှိ‌နေသောမဲဆန္ဒရှင်များ၏ နိုင်ငံသားစီစစ်ရေးကက်ပြားအမှတ်များ ဖြည့်စွက်နိုင်ရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတွင်ကျန်ရှိ‌နေသော မဲဆန္ဒရှင်များ၏ နိုင်ငံသားစိစစ်ရေး ကက်ပြား အမှတ်များ ဖြည့်စွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲကို ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းတွေ့ဆုံပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပံ့ပိုးကူညီရေးအဖွဲ့နှင့် ဗိုလ်တထောင် မြို့နယ်အမှတ် (၁)တိုင်းဒေသကြီးကိုယ်စား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပေါင်းစပ်ညှိနှိုင်း တွေ့ဆုံပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင်ပါရှိရေး တာဝန်ပေးညှိနှိုင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စု၊ ပေါင်း (၂၆)ခုတွင် အသက်

အမရပူရမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းနှင့် စာအုပ်လှူဒါန်းခြင်း ကွင်းဆင်းဆောင်ရွက်

အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်မီးသတ်ဦးစီးဌာနတွင် စာအုပ်လှူဒါန်းခြင်းနှင့် နယ်လှည့် စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ဩဂုတ်လ (၂၁) ရက် မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ် ခြံကြီးကျေးရွာ အရှေ့တောင်အတွင်းရှိ တောင်သူများအား စွန်လွှတ်မြေပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်း‌ဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ခြံကြီးကျေးရွာ ခြံကြီးအရှေ့တောင်အတွင်းရှိ တောင်သူ များအား စွန့်လွှတ် မြေပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။

ကလေးဝမြို့၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to