ပေါင်းလောင်းရေလွှဲဆည်၊ ချောင်းမငယ်နှင့် ဖောင်းလောင်ရေလှောင်တမံစီမံကိန်းတို့တွင် ပါဝင်သွားသော မြေဧရိယာများအတွက် လျော်ကြေး၊နစ်နာကြေးများ ပေးအပ်
ပေါင်းလောင်းရေလွှဲဆည်၊ ချောင်းမငယ်ရေလှောင်တမံနှင့် ဖောင်းလောင်ရေလှောင်တမံစီမံကိန်း ဧရိယာများတွင်ပါဝင်သွားသော မြေဧရိယာများအတွက် နစ်နာကြေး၊ လျော်ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။