သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် ပထမအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျှောက်ထားလာမှုများပြင်ဆင်ပေး

မင်းတုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် ပထမအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊(၄)၊(၄-ဂ)ဖြင့် လျှောက်ထား လာမှုများအား ပြင်ဆင်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခန္တီးမြို့၌ လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်းရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် မောင်မယ် များကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ဂုဏ်ပြုပွဲ အခမ်း အနားပြုလုပ်သည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာကော်မတီဝင်များ မွမ်းမံသင်တန်း ဟားခါး၌ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက စာရင်းဇယားများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေဆုံးရှုံးမှု မရှိ​စေရေးနှင့် အတိုးနှုန်းများ မှန်ကန်စွာ ကောက်ခံရရှိစေရေးရည်ရွယ်၍ ဟားခါးမြိုနယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာများမှ ကော်မတီဝင်များ၏ တတိယအဖွဲ့မွမ်းမံသင်တန်းကို သြဂုတ်လ ၂၁ ရက်နေ့က ဟားခါးမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရှိသည့် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများစတင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်း စိုပြည်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင် စီမံကိန်းဖြင့် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

လဲချားတွင်ဆေးဝါးများ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် ဆေးဝါးများ လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များအား သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ မှတ်ပုံတင် ထားခြင်းရှိ/မရှိ၊ သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ ရောင်ချခြင်းရှိ/မရှိကို ယနေ့နံနက် ၉နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မနက်(၁၀)နာရီက စာကြည့်တိုက်အသင်းဝင် လူငယ်များအား ဖိတ်ခေါ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ချီဖွေတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးနိုင်ရေးအတွက် စာရင်းများ ကောက်ယူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် HPV (Human Papilloma Virus) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လိုက်လံစာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဆောမြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊သီးကုန်းကျေးရွာတွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် မကျန်ရှိ စေရေး၊ မဲစာရင်း မှန်ကန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်း စစ်ဆေး ဖြည့်ဆည်း ကောက်ယူလျက်ရှိရာ သီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင် စိုးလင်းနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များက ယမန်နေ့ က ယင်းကျေးရွာ၌ တစ်အိမ် ဝင်တစ် အိမ်ထွက် လိုက်လံစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထန်တလန်မြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှု မရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to