ရေဦးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးများ ထောက်ပံ့ငွေပေးနိုင်ရေး စာရင်းများကောက်ယူ

ရေဦး ဩဂုတ် ၂၁

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန  လူမှု၀န်ထမ်းဦးစီးဌာန  နေပြည်တော်မှ  ကိုဗစ် - ၁၉ ကာလ  “CERP”  အစီအစဉ်အရ ကိုယ်၀န်ဆောင်သည်များ တစ်ကိုယ်ရေသုံးပစ္စည်း၀ယ်ယူရန်နှင့်  ဖြည့်စွက်အစားအစာများ  ၀ယ်ယူစားသုံးနိုင်ရေးအတွက်  တစ်ဦးလျှင်  ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည်ဟုသိရသည်။

ထောက်ပံ့ငွေရရှိနိုင်ရေးအတွက် “ ရေဦးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး မြို့နယ်ရင်ခွင် မဲ့ကလေး  လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဌ  ဒေါ်မိုးစပယ်ဦး အမျိုးသမီးလူငယ်များနှင့်  အမှုဆောင်များမှ   နယ်မြေကွင်းဆင်း၍လည်းကောင်း၊ ယာယီရုံးဖွင့်လှစ်၍လည်းကောင်း၊  နေ့စဉ် နံနက် ၈ နာရီမှ ညနေ  ၅ နာရီအထိ   စာရင်း ကောက်ယူဖြည့်သွင်း‌ပေးလျက်ရှိသည်။

ထောက်ပံ့ငွေ‌ပေးရန်အတွက် ငွေဗိုက်ဆော့၀လ်(Ngwe Bike application) ဖြင့်   ယခုလ ၁၃ ရက်နေ့ မှစ၍  လာမည့် စက်တင်ဘာ ၁၅ ရက်နေ့အထိ  စာရင်းရယူသွားမည်ဖြစ်သည်။  Mobile phone ဖြင့်ငွေဗိုက် ဆော့ဖ်ဝဲလ်   ရယူသုံးစွဲခြင်းနှင့် ပတ်သက်၍     အခက်အခဲရှိသူများ    မိခင်နှင့်ကလေးကျန်းမာရေးဌာန သို့မဟုတ် သက်ဆိုင်ရာ ဆရာ၀န် အသိအမှတ်ပြု လက်မှတ်ဖြင့် စာရင်းပေးသွင်းနိုင်သည်။

သို့သော် ကျန်းမာရေးအရ သွားလာရန်ခက်ခဲပါက မိသားစု၀င်ဖြစ်စေ၊     ဆက်နွယ်ရာ   ဆွေမျိုးမိတ်ဆွေများနှင့်ဖြစ်စေ အထောက်အထားခိုင်လုံစွာ ဖြင့်လာရောက်စာရင်းပေးနိုင်ကြောင်း၊ ယနေ့အထိ   ရပ်ကွက်/ကျေးရွာပေါင်း ၇၅ ရွာမှ ကိုယ်၀န်ဆောင်သည့်အရေအတွက် ၅၀၁ ဦးစာရင်းသွင်းပြီးဖြစ်ကြောင်း၊   ထောက်ပံ့ငွေများကို message ‌ ဖြင့်  ကာယကံရှင်ထံတိုက်ရိုက်ပေးပို့သွားမည်ဖြစ်ရာ နီးစပ်ရာ   wave money   ဆိုင်များတွင် ထုတ်ယူကြရမှာ ဖြစ်တယ်လို့ “  ဒေါ်မိုးစပယ်ဦးက ပြောသည်။

သန်းထိုက် ( ရေဦး )