သန်လျင် သြဂုတ် ၂၁
၂၀၂၀ပြည့်နှစ် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ခံရသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာ ရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဦးနှင့် ၁၉၆၄_၁၉၈၈လူရည်ချွန်ပွဲ (ကိုယ်စား) ရန်ကုန် တက္ကသိုလ် ရူပဗေဒ (လက်ထောက်ကထိက_ငြိမ်း) ဒေါ်ညိုညိုခင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များ ထူးချွန်လူရည်ချွန်များအား ရင်ထိုးတံဆိပ်အမှတ်တရ စာအုပ်များနှင့် ဂုဏ်ပြုဆုငွေများကို ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဦး ၁၉၆၄_၁၉၈၈ လူရည်ချွန်အဖွဲ့မှ ဒေါ်ညိုညိုဝင်း၊ ရန်ကုန် ပညာရေး တက္ကသိုလ်တွဲဘက်ပါမောက္ခ ဒေါ်မိုင်လိန်းထုံနှင့် တာဝန်ရှိသူများကပေးအပ်ကြသည်။
၂၀၂၀ပြည့်နှစ်တွင် ရန်ကုန်တောင်ပိုးခရိုင်မှ အထက်တန်းဆင့်တွင်လူရည်ချွန်(၈)ဦးအလယ်တန်းဆင့်တွင်(၄)ဦး စုစုပေါင်း လူရည်ချွန်(၁၂)ဦး ပေါ်ထွက် ခဲ့ကြောင်း သိရသည်။
သန်းဝင်း (သန်လျင်)