ပင်လောင်း ဩဂုတ် ၂၁
ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု ထီတမောင်း ကျေးရွာ နှင့် ထီပေါင်းကျေးရွာအုပ်စု ထာငိုကျေးရွာ သို့ ကျေးရွာချင်းဆက်လမ်း (၀.၄)မိုင်အား ကတ္တရာ ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် ပြင်/ထိန်းရန်ပုံငွေ (၃၂.၈၇၁)သန်း၊ ထီတမောင်းကျေးရွာ ပြည်သူများမှ ထည့်ဝင် ငွေကျပ်(၂၀)သန်းနှင့် ကျောက်ဆိုဒ်မျိုးစုံ ကျင်းပေါင်း (၃၄၈.၅)ကျင်းကို ထုတ်လုပ်၍ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။
“ယခုကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးခဲ့တဲ့အတွက် ထီတမောင်းကျေးရွာနဲ့ ထာငိုကျေးရွာ ပြည်သူများအနေနဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်သွားလာနိုင်မဲ့ ပြည်သူလူထုကို အကျိုးပြုတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်”ဟု ပင်မွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းအောင် က ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)