ပြင်ဦးလွင် ဩဂုတ် ၂၁
ပြင်ဦးလွင်မြို့ရှိ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာများ ရယူ၍ GeneXpert စက်ဖြင့် ဩဂုတ်၂၁ ရက်နေ့မှစ၍ စတင်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသည် Covid-19 Testing Strategy and Testing Capacity တိုးချဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဆေးရုံ (၂၆) ရုံစာရင်းတွင်ပါဝင်ပြီးဖြစ်ရာ ဩဂုတ်၂၁ ရက်နေ့မှစ၍ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်သောလူနာများအနက် သံသယ စောင့်ကြည့်လူနာရှိပါက နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများရယူပြီး GeneXpert စက်တွင် အချိန် ၄၅ မိနစ်ခန့် ကြာချိန်ဖြင့် တစ်ကြိမ်လျှင် (၄)ဦးနှုန်း စမ်းသပ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြတ်ဆုမွန်