မယ်စဲ့မြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက်က တောင်သူ ဦးစိုင်းရွှေ၊ ကွင်းအမှတ် (၁)၊ ဦးပိုင် (၂၁) ၊ စိုက်ဧက (၃)ဧက လယ်မြေတွင် အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ ထွက်ရှိလာသော သီးနှံများအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများအတွက် အထွက်နှုန်း တိုးတက်စေရေးနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ယာဉ်မတော်တဆမှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး၂၃၄ ဦး ဒဏ်ရာရရှိ၍ ၄၉ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်ဝါရီလမှ ဇူလိုင်လအထိ ယာဉ်မတော်တဆမှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး ၂၃၄ ဦး ဒဏ်ရာရရှိ၍ ၄၉ ဦးသေဆုံးခဲ့ကြောင်း အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ သိရသည်။

ရွှေတောင်မြို့နယ်တွင် မိခင်ကလေးစောင့်ရှောက်ရေး အသင်းက ကလေးသူငယ်များကို အဟာရ ရက်သတ္တပတ် တိုက်ကျွေးရေးလှုပ်ရှား ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ ကလေးသူငယ်များကို သြဂုတ်၁ရက်နေ့မှ (၂၆)ရက်နေ့အထိ ကြက်မျက်သင့်ရောဂါ ကာကွယ်ဆေးနှင့် ဗီတာမင် A ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ Church၊ ဗလီ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အင်းစိန် အမေ့အိမ် အသက်မွေးမှု ပညာသင်တန်းကျောင်းမှ သင်တန်းများ (အခမဲ့) ဖွင့်လှစ်မည်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမေ့အိမ် အသက်မွေးမှု ပညာ(အခမဲ့)သင်တန်း ကျောင်းမှ အင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်း(4 Skills)နှင့် အခြေခံစက်ချုပ်မှုပညာ သင်တန်းတို့ကို စက်တင်ဘာ(၁)ရက်နေ့တွင် အင်းစိန်မြို့နယ် ၊ ဖော့ကန်ရပ်ကွက်၊ သာသနာ့ဗိမာန် ဇောတိကာရုံ ကျောင်းတိုက်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။

ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀/၂၀၂၁ ခုဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်တင်ရောင်းချခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားရှိမှု အခြေအနေအား ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ ထုတ်ကွက်များ စိုက်ပျိုးထားရှိမှုအခြေအနေကို ယမန်နေ့ညနေပိုင်းက ကောလင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက မြို့နယ်မှ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်အတွင်း အထက်တန်းအဆင့် ဖွင့်လှစ်သည့်ကျောင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း သိရှိလိုက်နာဆောင်ရွက်ရေးဆွေးနွေး

စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် မြို့နယ်အတွင်းရှိ အထက်တန်း အဆင့်ဖွင့်လှစ်ထား သည့်ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း Version (1.0)/ (1.3) အား လိုက်နာဆောင်ရွက်ရေး ဆွေးနွေးခြင်းကို ယမန်နေ့ (၁၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ထီးလှိုင်ရှင် ခန်းမတွင် ပြုခဲ့ကြောင်းသိရသည်။

ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် စာရေးဆရာဖေမြင့် ရေးသားသော တန်ဖိုးထားအပ်သော အရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေး ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင် ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်ရုံးနှင့်ကျေးရွာ အုပ်စုများအရောက် ကွင်းဆင်းဆောင် ရွက်ပေးလျက် ရှိသည်။
Subscribe to