ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် အဓိက လိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား အသိပေးကြေညာခြင်းများ စတင်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက် စေရေးအတွက် အဓိကလိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား အချိန်နှင့် တစ်ပြေးညီ သိရှိ စေရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်း ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများ ထံ အသိပေးကြေညာနှိုးဆော် ခြင်းကို ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကျန်းမာရေး လမ်းညွှန်ချက်များ အသိပညာပေးနှိုးဆော်ကြေညာခြင်း ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးကော်မတီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။