နမ့်စန်မြို့နယ်တွင် တရားမဝင် ကျွဲ ၊ နွား ၊ သစ် နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်မှုမရှိစေရေးနှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု မရှိစေရေး ရှောင်တခင် ရှာဖွေစစ်ဆေး

နမ့်စန်(တ)    ဩဂုတ်  ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာ နေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၏ ယာဉ်များကို ရှောင်တခင် ရှာဖွေစစ်ဆေးခြင်းအား ယနေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၄)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့ တို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် အမှတ်(၄)ရပ်ကွက် မြို့မရဲစခန်းရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ကုန်တင်ယာဉ်များကို ရပ်တန့် စေကာ တရားမဝင် ကျွဲ ၊ နွား ၊ သစ်များ နှင့် မူးယစ်ဆေးဝါးများ  သယ်ဆောင်မှု ရှိ/မရှိနှင့် တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု မရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ရှောင်တခင်စစ်ဆေးခြင်းကို မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီထိ  ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် ကြီး/ငယ်  ၃၅ စီး နှင့် ဆိုင်ကယ် ၂၀ စီး တို့ကိုပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

သူရအောင်(ပြန်/ဆက်)