မံစီ ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေဦးစွာ တာဝန်ရှိသူများက အခြေခံပညာ အလယ်တန်းကျောင်း ကမ္ဗည်း၊ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ ကျောင်းခန်းမဆောင်၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ကျောင်းအုပ် ဒေါ်နန်ဇင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ကျောင်းအဆင့်တိုးမြှင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရိန် (ပြန်ဆက်)