အရာတော် ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက အရာတော်မြို့နယ်၊ ဇရစ် ကျေးရွာနှင့် မကျီးစောက်ကျေးရွာရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းများကို ယမန်နေ့ နေ့လယ် ၁ နာရီက ကွင်းဆင်း ကြည့်ရှုသည်။
ယင်းသို့ကွင်းဆင်းကြည့်ရှုရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နော်သင်းသင်းအေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်တို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဇရစ် ကျေးရွာနှင့် မကျီးစောက်ကျေးရွာ တောင်သူ ၂၉ ဦးပိုင် လယ်မြေ ၆၆ ဧကတွင် RS to CS စနစ်ဖြင့် စိုက်ပျိုးထား သည့်မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုပြီး မိုးစပါးမျိုးစေ့ စိုက်ပျိုး ထုတ်လုပ်ရာတွင် လိုအပ်မည့် နည်းပညာများပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အရာတော်မြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် ကျေးရွာအုပ်စု (၁၁) အုပ်စုတွင် မျိုးစေ့ထုတ် စိုက်တောင်သူ (၈၉)ဦးရှိပြီး အရည်အသွေးကောင်း စပါးမျိုး စိုက်ဧကပေါင်း ၂၂၀ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောကြားချက်အရ သိရသည်။
နွယ်နီမြင့်(ပြန်/ဆက်)