ညောင်ဦးမြို့နယ်တွင်  အမှိုက်ခွဲခြားစွန့်ပစ်ခြင်း စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လက်တွေ့အမှိုက်ခွဲခြား မြေဆွေး ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ဆောင်ရွက်နေသော လုပ်ငန်းမှ အမှိုက်ခွဲခြားစွန့်ပြစ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲခြင်း လုပ်ငန်းများဆွေးနွေးခြင်းနှင့် စွန့်ပစ်အမှိုက်ခွဲခြား စွန့်ပစ်ခြင်းမှ သစ်ရွက်မှိုက်များအားမြေဆွေး လက်တွေ့ပြုလုပ်ခြင်းအား ယမန်နေ့ ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာ၊ မနုဟာဘု ရားကြီး၊ ဓမ္မာရုံတွင် နံနက် ၁၀နာရီအချိန်ကစတင်ကာ အမှိုက်ငါးမျိုးခွဲခြားစွန့်ပစ်ခြင်း လုပ်ငန်းဟောပြော ဆွေးနွေးခြင်းနှင့် လက်တွေ့မြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ကပြောကြားခဲ့သည်။

ဖယ်ခုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံ ကျဈေးတွင် ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်

နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လသာမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး

လသာမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများဖြစ်သည့် Churchနှင့် ဗလီ​များအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၁၉)ရွာအနက် ကျေးရွာ(၆)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၁၉)ရွာရှိသည့်အနက်၊ ကျေးရွာ(၆)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ရာ အဆိုပါကျေးရွာများ၏ လုပ်ငန်းပြီးစီးမှု အခြေအနေများကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအိုမြို့နယ်၊ အထက်ရှန်ဂေါင်ကျေးရွာ၌ (၅)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ (၅)ကြိမ်မြောက်ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ရှန်ဂေါင်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုးစပါးမျိုးစေ့ထုတ် လယ်သမားများအား ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ မိုးစပါးမျိုး စေ့ထုတ်တောင်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယုမြို့၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှု ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ယမန်နေ့က တစ်အိမ်တက်/ တစ်အိမ်ဆင်းစနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင် ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to