ဝိုင်းမော်မြို့နယ်တွင် ပထမအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊(၄)၊ (၄-ဂ)ဖြင့် လျှောက်ထားလာမှုများ ပြင်ဆင်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရွေးကောက်ပဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဩဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ပေးပို့လာသည့် ပထမအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျောက်ထားလာမှုများအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ပျက်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ကော့ကရိတ်မြို့တွင် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား/သူ (၆)ဦးအား Social Distancing နှင့်အညီ ဂုဏ်ပြု ချီးမြှင့်ခြင်း ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန်ကျောင်းသား/ သူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၌ အခြေခံမဲန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်‌၌ အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်အဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကျွန်းရတနာခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် သမန်းကျေးရွာ၌ One State One Township Project အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားများတွင် ကွင်းဆင်းစစ်ဆေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သမန်းကျင်းကျေးရွာအုပ်စု၊ သမန်းကျင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉နာရီအချိန်က One State One Township Project အရနိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်းသိရှိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပြည်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိနိုင်ရေး မဲစာရင်း စိစစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိနိုင်ရေး မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးရှိ ပတ္တမြားခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ  ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား  နေ ရပ်ပြန်ပြည်သူများကို  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက် ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၅)ဦးနှင့် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန် က(၁၀)ဦးစုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၅)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ကလေးလုပ်သားပပျောက်စေရေးအတွက် စစ်တမ်းကောက်ယူ

နမ္မတူတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ကလေးလုပ်သားများ အခွင့်အရေးရရှိစေရန် ရည်ရွယ်၍ ကလေးလုပ်သား စာရင်းကောက်ယူခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၁၀)၌ ဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့တွင်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဒေသအတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ငန်းများအတွက် သက်သာသောအတိုးနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးမည်

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား   အသီးသီး ထိခိုက်နစ်နာ မှုများ ကြုံတွေ့ခံစားနေရခြင်းကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့် အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက် နေသူများ အား သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း (Pact Global Microfinance Fund) ပက်အပြည် ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့ ညောင်ရွှေရုံးခွဲ မှ သိရှိရသည်။

ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍ စိုက်ပျိုးသီးနှံများ ဧက(၁)ထောင်ကျော်ရေကြီး နစ်မြုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ဩဂုတ်လ(၁၉)ရက်နေ့တွင် နမ့်တိန်ချောင်း နှင့်ထိစပ်လျက်ရှိသည့် မန်မိုင်ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြကျေးရွာ များရှိ စိုက်ပျိုးသီးနှံ့များ ရေကြီးနစ်မြုပ်မှု များဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ သွားလာရလွယ်ကူစေရေးအတွက် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်သို့ ပြည်သူများ အပန်းဖြေလည်ပတ်လျက်ရှိရာ အပန်းဖြေပြည်သူများ သွားလာရ လွယ်ကူစေရေးအတွက် လူသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့ကစတင်၍ သနန်တောင်ပေါ်တောရ ကျောင်းဆရာတော်၏ ဦးဆောင်မှု၊ မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to