ဝိုင်းမော်မြို့နယ်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်/ စာစောင်လှူဒါန်းပွဲ ကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ၊ မိခင်နှင့် ကလေး/အမျိုးသမီးရေးရာအသင်းအဖွဲ့များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ၍ စာရေးဆရာ ဒေါက်တာဖေမြင့်၏ ‘‘တန်ဖိုးထားအပ်သော အရာများ’’စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။