ကိုဗစ်-၁၉ ကာလ စားသောက်ကုန်ရောင်းချသူများအနေဖြင့် လိုက်နာရမည့်စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံစားသောက်ကုန်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။