ညောင်ဦး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ဆောင်ရွက်နေသော လုပ်ငန်းမှ အမှိုက်ခွဲခြား စွန့်ပြစ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲခြင်း လုပ်ငန်းများဆွေးနွေးခြင်းနှင့် စွန့်ပစ်အမှိုက်ခွဲခြား စွန့်ပစ်ခြင်းမှ သစ်ရွက်မှိုက်များအားမြေဆွေး လက်တွေ့ ပြုလုပ်ခြင်းအား ယမန်နေ့ ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာ၊ မနုဟာဘု ရားကြီး၊ ဓမ္မာရုံတွင် နံနက် ၁၀နာရီအချိန်ကစတင်ကာ အမှိုက်ငါးမျိုးခွဲခြားစွန့်ပစ်ခြင်း လုပ်ငန်းဟောပြော ဆွေးနွေးခြင်းနှင့် လက်တွေ့မြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ညောင်ဦး မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ကပြောကြားခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အမှိုက်ခွဲခြားကောက်ယူမည့် စမ်းသပ်ဒေတာများတွင် အမှိုက် အမျိုးအစားခွဲခြားမှုနှင့် ကနဦး အချက်အလက် များ စုဆောင်းခြင်းဆိုင်ရာ လုပ်ငန်း များအား တာဝန်ခံဦး ဆောင်မည့်သူများ အတွက် သင်တန်းများပို့ချခဲ့ပြီးဖြစ်ကာ ယခုအခါ သက်ဆိုင်ရာ ဌာနများက ခွဲခြားကောက်ယူမည့် အမှိုက်အမျိုးအစားများခွဲခြားကာ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေး ဟောပြော ကြသည်။ အမှိုက်ခွဲခြားစွန့် ပစ်ခြင်းစီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သည့် လုပ်ငန်းများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန မှဒေါ်မြတ်နိုးဝေ (ဦးစီးအရာရှိ) ကကောက်ယူသည့် အမှိုက်အမျိုးအစားအလိုက်ခွဲခြားမှုစံများအား လည်းကောင်း၊ ညောင်ဦးခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၊ ဒေါ်စန်းစန်းဝေ(ဦးစီးအရာရှိ) မြေအသုံးချရေးတာဝန်ခံက တက်ရောက် လာသည့် ဘော်လန်တီယာစေတနာရှင်လူငယ် မောင်မယ် များအား သစ်ရွက်မှိုက် မြေဆွေးပြုလုပ် ပုံအဆင့်ဆင့်အား လက်တွေ့လုပ်ဆောင်ပြ သင်ပေးခြင်းနှင့် ပုဂံပလတ်စတစ် ကမ်ပိန်းအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်မှ ပလတ်စ တစ်ဆိုးကျိုးနှင့် မြေဆီလွှာ ပျက်စီးဆုံးရှုံးနိုင်မှု၊ ပလတ်စတစ်အမှိုက်များ မြစ်ချောင်းများတွင် စွန့်ပစ်ခြင်းကြောင့် ရေအောက်နေ သတ္တဝါများပျက်စီးဆုံးရှုံးစနိုင်ကာ ပလတ်စတစ်အမှိုက်များ သီးခြားခွဲခြားဖယ်ထုတ်ပြီး သတ်မှတ် အမှိုက်ပုံး တွင် ခွဲခြားစွန့်ပစ်ပေးရန်တို့အား တက်ရောက် လာသည့် ဘော်လန်တီယာလူငယ်များမှ စတင်ကာစနစ် တကျစွန့်ပစ်ပေးကြရန်တို့အားရှင်း လင်း ဆွေးနွေးသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ASEAN SDGs နှင့်ပူးပေါင်းဆောင်ရွက်သည့် Japan-ASEAN Cooperation Bagan Ancient City Myanmar တို့၏ ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေး ဟောပြောခဲ့ကြောင်းသိရကာ အမှိုက်ခွဲခြား စွန့်ပစ်ခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင် မည့်လုပ်ငန်းများအားဆွေးနွေးဟောပြောကာ အဆိုပါ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသ အမှိုက်ငါးမျိုးခွဲခြားစွန့်ပစ်ခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့် အညီပြုလုပ် ခဲ့ကြောင်း သိရသည်။
ကိုထိန်(KPD)
 
    