မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းတွင် တံတားတစ်စင်းကျိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိ
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ဆွမ်ပရာဘွမ်-ပူတာအိုကြား ဆွမ်ပရာဘွမ်မြို့နယ်အင်ကောမ ကျေးရွာ အုပ်စု မိုင်တိုင်အမှတ်(၁၃၈/၆-၁၃၈/၇)ကြား တံတားအမှတ်(၆/၁၄၈) ဖုန်အင်ချောင်းကူး ဘေလီတံတား (၂၃၅) ပေတံတားတွင် ဩဂုတ်(၂၁)ရက် နံနက်(၄)နာရီအချိန်ခန့်က ကုန်ကားတစ်စီးဖြတ်သန်းမောင်းနှင်စဉ် တံတား ကျိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။