မိုးစပါးမျိုးစေ့ထုတ် လယ်သမားများအား ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မိုင်းကိုင် ဩဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ မိုးစပါးမျိုး စေ့ထုတ်တောင်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးရဲထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသော ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းကိုင်မြို့နယ် အတွင်းရှိ မြို့မရပ်ကွက်၊ ဝမ်ဟွေအွမ်၊ ဆင်ခြေဖုန်း မြောက် နှင့် ဟိုနား စသည့် အုပ်စု(၄)အုပ်စုမှ တောင်သူ(၇၀)ဦး၊ စိုက်မြေဧက (၃၀၀) ဧကအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၅၀ နှင့် ငါးသောင်းကျပ်ကို ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအဖြစ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများကို ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ၄၀၈၅ ဧက၊ လွိုင်လင်ခရိုင်တွင်  ၅၈၁ ဧက စိုက်ပျိုးသည့်အနက် မိုင်းကိုင်မြို့နယ်တွင် ၃၀၀ ဧက စိုက်ပျိုးနိုင်သည့်အတွက် လွိုင်လင်ခရိုင် အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးရဲသွေးကျော် ၏ ပြောကြားချက်အရ သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)