တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

မကြာမီရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုများနှင့် ပတ်သက်၍ ဒေသတွင်း ထိစပ်နေမှုကြောင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဒေသန္တရကျန်းမာရေးဌာနရုံး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော် မြို့နယ်၊ မိုင်းလုံးရပ်ကွက် အ.မ.က မိုင်းလုံး(ခ) မူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။

ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကျင်းပ

တောင်သူများ လယ်ယာသုံးစက်ကိရိယာစနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိန်းသိမ်းကြံခိုင်မှု ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ် သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု စီမံချက် ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှုစီမံချက် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

နမ္မတူမြို့နယ်တွင် ကလေးလုပ်သားပပျောက်စေရေးအတွက် စစ်တမ်းကောက်ယူ

နမ္မတူတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ကလေးလုပ်သားများ အခွင့်အရေးရရှိစေရန် ရည်ရွယ်၍ ကလေးလုပ်သား စာရင်းကောက်ယူခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၁၀)၌ ယနေ့ ဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ်၌ မူးယစ်ဆေးဝါးရောင်းချသူအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်၌ ယမန်နေ့ ည ၇ နာရီ အချိန်ခန့်က မူးယစ် ဆေးဝါးများ ရောင်းချနေသူအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ပြီ သြဂုတ်လ ၂၀ ရက် နေ့အထိ ၈ လတာအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ပေါင်း(၃၃) မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ဒလမြို့မ ရဲစခန်းမှ သိရသည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၁၅)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့ ၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ (၆)နာရီ အချိန်က(၅)ဉီး နှင့် ယနေ့ မွန်းလွဲ(၂)နာရီခွဲအချိန် က(၁၀)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅)ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေး ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဒေသအတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ငန်းများအတွက် သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများ ထုတ်ချေးပေးမည်

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား အသီးသီး ထိခိုက်နစ်နာမှုများ ကြုံတွေ့ခံစားနေရခြင်းကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့်အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်လဘက်ရည် ဆိုင် လုပ်ငန်း၊ စားသောက်

ရွာငံမြို့နယ်အတွင်း နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း ရှင်းလင်းဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ပြည်ပမှတရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်‌ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲကို ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်း အတွင်းရှိ OSS ခန်းမ၌ ယနေ့ မွန်းလွဲ တစ်နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to