လသာ ဩဂုတ်၂၂
လသာမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများဖြစ်သည့် Churchနှင့် ဗလီများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Church၊ ဗလီ ဘုရားရှိခိုးကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတ်မှတ်ချက်များမှ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ တာဝန်ရှိသူများ လိုက်နာဆောင်ရွက်ရမည့် အချက် များ၊ ဝတ်ပြုဆုတောင်းသူများ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား သိရှိနားလည်ခြင်းရှိ၊ မရှိ၊ လိုက်နာဆောင်ရွက် ထား ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန် ထားသော သတ်မှတ်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ပါက ဥပုသ်သီလဆောက်တည် ခွင့်၊ ဝတ်ပြုခွင့် များအား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မေသူ(ပြန်/ဆက်)