ဖယ်ခုံ သြဂုတ် ၂၂
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)ဖယ်ခုံ မြို့နယ် ၌ ယမန်နေ့မွန်းလွဲပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ဈေးနောက်ရပ်ကွက်၊ ဈေးရှေ့ရပ်ကွက်၊ ဈေးတန်းရပ်ကွက်နှင့် မြို့ကုန်းရပ်ကွက် တို့တွင် ကွင်းဆင်းစစ်ဆေးရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များတို့က ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် ကွင်းဆင်း၍ တိုက်ဆိုင် စစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အားလုံး မဲစာရင်းတွင် အမည်စာရင်းပါရှိရေးနှင့် မပါ၀င်သင့်သူများ ပါ၀င်မှုမရှိစေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့၀င်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)