ဟိုမိန်းမြို့ရေပေးဝေရေး ရေစုကန်တည်ဆောက်ခြင်းနှင့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့၌ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပြည်နယ်အစိုးရအဖွဲ့) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များ ရေပေးဝေရေးအတွက် ရေစုကန်များ တည်ဆောက်ပြီးစီးမှုနှင့် ‌( PVC )ရေပိုက်များသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို စက်တင်ဘာ ၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၉)လုံးအတွက် ထောက်ပံ့ငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့ရသည့် နေအိမ်(၉)လုံးရှိ အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆင်ထုံးကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ချင်းပြည်နယ်အတွင်းမှ လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သြဂုတ်လ ၃၀ ရက်နေ့ မှစ၍ ကြေညာခဲ့ပြီး ချင်းပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း (၂၁၀)ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

ဆီဆိုင်မြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့ အဝင်ပေါက်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူ မိဘပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိသည်။

မင်းတုန်းမြို့အခွန်လွတ်‌စျေးတွင်‌ ဈေးရောင်းစျေးဝယ်များ Mask တပ်ဆင်ခြင်းရှိ၊ မရှိ၊ ခြောက်ပေအကွာ ဖြင့်ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ် (၂) ရပ်ကွက်ရှိ အခွန်လွတ်ဈေးတွင် ဈေးရောင်းဈေးဝယ် များ Mask တပ်ဆင်ခြင်းရှိ/မရှိနှင့် ၆ ပေအကွာမှ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၆ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်းနှင့်ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့သည်။

 သရက်မြို့နယ်အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းကျေးရွာမှ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင်အိမ်ထောင်စု (၁၄) စုအတွက်  ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့က ယာယီစခန်း ဖွင့်လှစ်ထားသည့် ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

နတ်မောက်မြို့နယ်ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများ အား(၁၆)ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားနှင့် ပါးစပ်၊ နှာခေါင်းစည်းများလှူဒါန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား (၁၆)ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားများ လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက် ပရဟိတ လူမှုအကျိုးပြုအသင်းမှ ယမန်နေ့   ည‌နေ(၅)နာရီခွဲအချိန်က  ရေယိုကျေးရွာ ဦးဘိုဖြူနေအိမ်တွင် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

       ဝါခေါင်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ပဥ္စမမြောက်လဖြစ်သည်။ မိုးဥတုတွင်ပါဝင်ပြီး ဝါခေါင်လကို ရှေးအခါက "နံကာလ''ဟုလည်းခေါ်ကြသည်။ ပုဂံခေတ် ကျောက်စာများတွင် ဝါခေါင်လ ဟူ၍လည်းကောင်း၊ နံကာလ ဟူ၍လည်းကောင်း မြန်မာစာ အရေးအသားများတွင် နှစ်မျိုးစလုံး တွေ့ရှိရသည်။နံကာလ၏ အနက်အဓိပ္ပာယ်မှာ လယ်လုပ်ချိန်၊ လယ်ထွန်ချိန်၊ စိုက်ပျိုးချိန်နှင့် လယ်လုပ်သည့်လ၊ လယ်ထွန်သည့်လ၊ စိုက်ပျိုးသည့်လဟု အဓိပ္ပာယ်ရသည်။ တောင်သူလယ်သမား ဦးကြီးများသည်။ လုပ်ငန်းခွင်တွင် ထွန်ယက် စိုက်ပျိုးသည့် လလည်းဖြစ်သည်။

မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်း အခုရေ တစ်သောင်း လာရောက်လှူဒါန်း

ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန်နှင့် ရောဂါပျံ့ပွားမှုမရှိစေရေးအတွက် ရန်ကုန် အနောက်ပိုင်း ခရိုင် မရမ်းကုန်းမြို့နယ် အထွေထွေချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌
Subscribe to