မင်းတပ်၌ ဖွင့်လှစ်သော ကိုဗစ်-၁၉ Relief Package (1) ခရီးသွား လုပ်ငန်း(အခြေခံ) သင်တန်းဖွင့်လှစ်

မင်းတပ်မြို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ ကူညီပံ့ပိုးပေးမှုဖြင့် ဖွင့်လှစ်သည့် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

ကာလိမြို့၌ နေရပ်ပြန်ပြည်သူများ ပါ/မပါ ယာဉ်လိုင်းကားများအား စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းမရှိပါက ယခုဝယ်ယခုတပ်ဆင်စေခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ခရီးသွားယာဉ်လိုင်းကားများမှ နေရပ်ပြန်ပြည်သူများ ပါ/မပါ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း မရှိပါက ယခုဝယ်ယခုတပ်ဆင်စေခြင်း ဆောင်ရွက်မှုကို ယနေ့နံနက် (၈)နာရီအချိန် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့မှ မြို့မဈေးရှေ့၊ ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက မြို့ဝင်မုခ်ဦး လမ်းဆုံ၊ ဈေးလှေဆိပ်၊ ညောင်ရွှေ-ပေါင်းပိုင်းလမ်း တိန့်နန်းတံတားနေရာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မံစီ၌ စျေးသူစျေးသားများနှင့် စျေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေး

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့မ စျေးအတွင်းရှိ စျေးသူစျေးသားများနှင့် စျေးဝယ်သူများ ကိုယ်စီနှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် စားသောက်ဆိုင်များ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ ကို ယနေ့နံနက် ၇ နာရီက တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး အသိပညာပေးခဲ့သည်။

မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေး ခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကာလိမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် သောက်သုံးမှုများမှ ဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် သောက်သုံးမှုများမှ ဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီ အချိန်က နံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာသူများအား စစ်ဆေး ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ

ဒေးဒရဲမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။

မြိတ်မြို့တွင် ရွှေထည်ပစ္စည်းအတုများ လိမ်လည်ပေါင်နှံသူများအား ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အောင်ဆန်းလမ်းမကြီးရှိ ရွှေဆိုင်ပိုင်ရှင် ဦး----က ဩဂုတ်လ ၂၅ ရက်နေ့တွင် ၎င်းပိုင်ရွှေဆိုင်သို့ ရွှေထည်ပစ္စည်းအတုများ လာရောက်လိမ်လည်ပေါင်နှံသူ အမျိုးသား (၂) ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဩဂုတ်လ ၃၀ ရက်က မြိတ်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ရာ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Subscribe to