ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယမန်နေ့က မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်၊ ဈေးများ၊ ရပ်ကွက်ကျေးရွာများတွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထား သော စည်းကမ်းချက်များနှင့်ညီ မညီစစ်‌ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ရောင်းချ ဖွင့်လှစ် နေသော လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား

နောင်ခေါ်ကျေးရွာအုပ်စုတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ရေး စာရင်းကောက်ယူ

မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုတွင် ဒုတိယဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်နိုင်ငံလုံးစီမံချက်ဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်ခေါ်ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ လိုက်လံနှိုးဆော်ဆောင် ရွက်ထားရှိပြီး စာရင်းများကောက်ယူခြင်းကို ယမန်နေ့ကစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ သန့်ရှင်သာယာလှပစေရေး အမှိုက်များ၊ မြက်ပင်များနှင့် ချုံနွယ်များ စုပေါင်းရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန့်ရှင်း သာယာလှပစေရေး အမှိုက်များ၊ မြက်ပင်များနှင့် ချုံနွယ်များ စုပေါင်းရှင်းလင်းခြင်းကို ယမန်နေ့ နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ငွေ ပေးရန် စီစဉ်ထားရှိမှုအား လိုက်လံကြေညာ

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုလျော့ပါးစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များကို ငွေဗိုက်အစီ အစဉ်ဖြင့် ထောက်ပံ့ကြေးများ ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ကြေးများထောက်ပံ့ရာတွင် စာရင်းသွင်းခြင်းကို

လှိုင်းဘွဲမြို့နယ်တွင် မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းဧရိယာများတွင် သဘာဝဘေးန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူးတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး စနစ်တစ်ကျလိုက်နာဆောင်ရွက်နိုင်ရန်အတွက် တာမိုးညဲမြို့၊ လူစည်ကားရာနေရာအနှံ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ပိုစတာများကို ယနေ့နံနက် (၈)နာရီအချိန် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းတို့ ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။

လဲချားမြို့နယ် နယ်မြေမီးသတ်စခန်းမှ ဂါလံ ၈၀၀ ပါ မီးငြှိမ်းသတ်ယာဉ်တစ်စီး လွှဲပြောင်း လက်ခံရယူ

ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ခရိုင်၊ မြို့နယ် နယ်မြေမီးသတ်စခန်းများ၏ မီးငြှိမ်းသတ်ယာဉ်ဖွဲ့စည်းပုံအရ လဲချားမြို့နယ်၌ လိုအပ်သော ဂါလံ ၈၀၀ ပါ မီးငြှိမ်းသတ်ယာဉ်တစ်စီးကို တာဝန်ရှိသူများက ယမန်နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ကန်သာယာကျေးရွာတွင် တောဆင်ရိုင်းတစ်ကောင်ဝင်ရောက်မှုကြောင့် နေအိမ်(၅)လုံးနှင့် စားနပ်ရိက္ခာများ ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စု ကန်သာယာ ကျေးရွာတွင် ယမန်နေ့ ည ၉ နာရီအချိန်ခန့်က တောဆင်ရိုင်းတစ်ကောင်ဝင် ရောက်ခံကြောင်း ဆင်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညိုထံမှ သိရသည်။

ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီမှ ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘာသာအသင်းတော်များနှင့် တွေ့ဆုံကာ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။
Subscribe to