မရမ်းကုန်း စက်တင်ဘာ ၂
ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန်နှင့် ရောဂါပျံ့ပွားမှုမရှိစေရေးအတွက် ရန်ကုန် အနောက်ပိုင်း ခရိုင် မရမ်းကုန်းမြို့နယ် အထွေထွေချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နံနက်(၁၁)နာရီခွဲက မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီသို့ နှာခေါင်းစည်း အခုရေတစ်သောင်း လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ နှာခေါင်းစည်းများအား YP7 ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရူပနှင့် ဇနီး ဒေါက်တာ နှင်းဟေမာန်တို့က လာရောက်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းချစ်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)